|
| Mysuboo Fan Club Blood Donors Group |
| Mysuboo Blood Donors Group ကို ၂၀၀၇ခုနှစ်၊ ဒီဇင်ဘာလ (၃၀)ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ Mysuboo Blood Donors Group သည် ၂၀၀၇ နှင့် ၂၀၀၈ အစပိုင်းတွင် ပုံမှန် (၂)လတစ်ကြိမ် ပုံမှန်သွေးလှူဖြစ်ခဲ့ပြီး နောက်ပိုင်း (၄)လတစ်ကြိမ်သာ သွေးလှူဒါန်းမှု ပြုခဲ့သည်။ှ အသင်းတွင် အမာခံသွေးလှူရှင် အယောက် (65) ဦးရှိပြီး Fresh Blood Donor (၁၇) ဦးရှိပြီး သွေးလိုအပ်သူများသို့ တိုက်ရိုက် သွေးလှူဒါန်း ခဲ့ပါသည်။ |
ဤသို့သွေးလှူဒါန်းခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးမှာ ခံစားချက်ပီတိသာဖြစ်ပါသည်။ ထို့အပြင် သွေးလှူခြင်းအားဖြင့် လူ့လောကတွင် လိုအပ်နေသော ကွက်လပ်များ၏တစ်ခုကို ဖြည့်ဆည်းပေး ရာ ရောက်ပါသည်။ သွေးသည်ယခုအချိန်အထိ အတုလုပ်၍ မရသေးပါ။ အလှူရှင်မှ လှူဒါန်းမှသာ လျှင် လူနာများအတွက် သွေးကိုရရှိနိုင်ပါသည်။ လူသားချင်း မကယ်တင်လျှင် ကယ်တင်မည့် သတ္တ၀ါဟူ၍ ဤကမ္ဘာတွင် မရှိပါ။
|
| ထို့ကြောင့် လူသားတစ်ယောက်ဖြစ်သောမိတ်ဆွေသင်လည်း သွေးလိုအပ်ချက်ဆိုသည့် ကွက်လပ် ကိုဖြည့်ဆည်းပေးခြင်းအားဖြင့် လူသားတို့၏ အသက်ကိုကယ်တင်သည့် အဓိကစွမ်းဆောင်ရှင် ဖြစ်သွားပါမည်။ ထို့ကြောင့် သင့်သွေးဖြင့် လူသားတို့၏အသက်ကိုကယ်တင်ပါ။ |
Objectives |
- အရေးပေါ်သွေးလိုအပ်သောလူနာများကို ကူညီပေးနိုင်ရန်။
- ဆင်းရဲနွမ်းပါးသည့် သွေးလိုအပ်လျှက်ရှိကာ သွေးမရှာနိုင်သောလူနာများကို ကူညီပေးနိုင်ရန်။
- သွေးလှူရှင်များ ပေါ်ပေါက်လာအောင် လှုံ့ဆော်ပေးရန်။
- သွေး၏အရေးပါမှု၊ တန်ဖိုး နှင့် လိုအပ်ချက်များကို သိရှိစေရန်။
|
|
|
| Copyriht © 2008 all right receive form MYSUBOO FUN CLUB DONORS GROUP, Empowered by Novel Idea |
|
|